EMAYAR
ဒီနေ့ဟာ ကျမချစ်သော ဖေဖေရဲ့မွေးနေ့ပါ။နှစ်တိုင်းကျရောက်တဲ့ဖေဖေရဲ့မွေးနေ့တိုင်းမှာ
ကျမဖေဖေ့နားမှာရှိနေခဲ့ပါတယ်။မနှစ်ကစလို့ကျမဟာ ဖေဖေနဲ့အရမ်းဝေးကွာလှတယ်လို့
ထင်ရတဲ့ ကမ္ဘာကြီးရဲ့ချောင်တချောင်မှာမခံချင်စိတ်ကိုလောင်စာထည့်လို့ရှိနေခဲ့ပါတယ်။
ဒါပေမယ့်ဖေဖေ ကျမတို့တွေစိတ်ချင်းတော့နီးနေကြပါတယ်။ကျမမငိုပါဘူးဖေဖေ။
မျက်ရည်ကသူ့သဘောသူဆောင်တာပါ။ခုကျမပို့လိုက်တဲ့ဒီစာလေးကို ဖေဖေဖတ်ပြီး
ပျော်ပါလိမ့်မယ်။ဖေဖေရေကျမကတော့ ခုထက်ထိခေါင်းကြောမာတုံးဘဲ။တခါတလေဗိုက်
အောင့်ရင်ချောင်ကပ်ပြီးခွေနေတုန်းဘဲ။ဖေဖေတိုက်မှဆေးသောက်တော့မယ်လို့ရောဂါ
ကိုကြိုးရှည်ရှည်နဲ့လှန်ထားတုံးပဲ။လူတွေနဲ့ဆက်ဆံရင်လည်း တချက်တချက်လေသံက
မာတုံးပဲ။လေသံမာတဲ့အမှုနဲ့မေမေဆူရင် ပြုံးပြီးကာကွယ်တတ်တဲ့ဖေဖေရဲ့စကားလုံးကို
လွမ်းတယ်။ဘာတဲ့ဖေဖေပြောနေကြက “ငါ့သမီးက ရာဇဘွားကွ အဲဒီတော့စကားပြော
ရင်နဲနဲတော့မာန်ပါတယ်ကွ”တဲ့။ပြီးတော့ကျမကလုပ်ချင်တာတွေကိုလုပ်ချင်တဲ့အချိန်မှာ
လုပ်ချင်သလို လုပ်လေ့ရှိပါတယ်။ပါတ်ဝန်းကျင်ဆိုတာကိုဘယ်တော့မှခေါင်းရှုပ်ခံပြီးစရင်း
မသွင်းတတ်ပါဘူး။ကျမကခိုးကြောင်ခိုးဝှက်ပုန်းလျှိုးကွယ်လျှိုးအလုပ်တွေကိုအမြဲတော်
လှန်သူပါ။ဒါကြောင့်ကျမကချစ်သူ့လက်ဆွဲပြီး ရွာရိုးကိုးပေါက်လျှောက်သည်ပေါ့။ဒီတော့
ဒေါ်အတင်းတို့ကသတင်းအတိအကျရယူပြီး ဖေဖေ့ကိုတင်ပြကြတယ်။ဖေဖေကမျက်နှာ
တချက်မပျက်ဘဲဒေါ်အတင်းတို့စိတ်ချမ်းသာအောင်ဇာတ်လမ်းဆုံးအောင်နားထောင်
ပါတယ်။ပြီးတော့ဖေဖေရဲ့တုံ့ပြန်စကားက“ကျနော့်သမီးကဘွဲ့ရပညာတတ်တယောက်
ရာဇဝင်ကောင်းကောင်းတွေသူထားခဲ့လိမ့်မယ်”တဲ့။ကျမဖေဖေ့ဆီကဒီစကားကြားရပြီး
နောက်ဖေဖေ့ကိုပိုလေးစားလာပါတယ်။ဖေဖေဟာကျမကို ယုံကြည်မှုတွေနဲ့ဆုံးမပြီး
သားပါ။ဒီစကားတွေနဲ့တင်ကျမရဲ့ခြေလှမ်းတွေကျဲကျဲလှမ်းနိုင်ခဲ့တာလေ။ကျမအဝေး
ကိုပျံမယ့်နေ့မှာကျမကိုယ်ပွါးစကားတခွန်းဖေဖေကို ပေးခဲ့ပါတယ်။“ကျမအတွက်အမြင့်
ကိုတက်ဖို့လှေကားမရှိရင်လည်းကျမမတုန်လှုပ်ပါဘူးကျမကလှေကားရဖို့အရင်ဖန်မှာ
ပေါ့ဖေဖေစိတ်ချပါ ကျမကဘဝကိုဒူးထောက်မယ့်သူမဖြစ်ချင်ပါဘူး…ဘဝကိုပခုံးငှားပြီး
အမှီခံပေးမှာပါဖေဖေ”။ဖေဖေကလည်းကျမကိုစကားတခွန်းပြန်မှာပါတယ်။ “အနန္တော
အနန္တငါးပါးကိုအမြဲဦးထိပ်ထားပါ”တဲ့။ကျမအခုဖေဖေ့ကိုဒီစာနဲ့အတူကန်တော့လိုက်
ပါတယ်။ဖေဖေကျန်းမာရေးကိုဂရုစိုက်ပါ။ကျမအလုပ်ပြန်နေကျအချိန်ထိစောင့်မနေပါနဲ့။
ဖေဖေအိပ်ရေးပျက်ပါ့မယ်။ညညဆိုဖေဖေ့ရဲ့ဘုရားရှိခိုးဆုတောင်းသံကိုကျမကြားရပါ
တယ်။ဖေဖေရဲ့စာတွေလည်းကျမဖတ်ရပါတယ်။တခါတလေကျမအိမ်ကိုလာတဲ့အခါ
ဖေဖေအိပ်ပျော်နေတာတွေ့လို့ကျမမနှိုးခဲ့ပါဘူး။တကယ်တော့ကျမညကအိမ်ကိုလာ
တာပါပဲ မိုးလင်းတော့ကျမက ကမ္ဘာကြီးရဲ့ချောင်ထဲမှာဘဲရှိနေသေးတယ်။ဘာဘဲဖြစ်
ဖြစ်ပါကျမဖေဖေကိုတွေ့ရတယ်လေ။စကားမစပ်ဖေဖေရေ

“ ………………. မွေးနေ့မှာပျော်ရွှင်ပါစေ………….”

အမရာ
Labels: edit post
0 Responses

Post a Comment