ညလေး…….Dream အတွက်ပါ………
အကြောင်းကြောင်းသောအကြောင်းတွေကြောင့်နောက်ကျသွားပါတယ်……….
အမှန်အတိုင်းပြောရရင်တော့……ကျွန်မက မိုးပြိုမှာကိုတွေးပြီးတော့ကြောက်တတ်
လေ့မရှိပါဘူး………ဒါပေမယ့်ဒီပို့စ်အတွက် တကယ့်ကိုလိမ်ပိန်နေအောင်တွေးတော
ပြီး စိတ်ထဲရှိတဲ့အတိုင်းရေးလိုက်ပါတယ်…………………………………………………….
လူတွေမသေခင် (၁၀)ရက်အတွင်းဘာလုပ်ကြမလဲ ??????????????????????????
ကျွန်မမသေခင် ၁၀ ရက်တိတိနေ့မှာ………….အရင်ကတည်းကမက်ခဲ့တဲ့အိပ်မက်
တခုတကယ်အသက်ဝင်လာတော့မယ်ဆိုပြီး နဲနဲတော့ပျော်မိမယ်………………….
၉ ရက်တိတိနေ့မှာ………..ကျွန်မဘာတွေလုပ်ခဲ့ပြီးပြီလဲ……..ဘာတွေလုပ်ပေးဖို့ကျန်
သေးလဲစဉ်းစားကြည့်မယ်………..ပြီးရင်လုပ်စရာရှိတာကိုပုံမှန်ဆက်လုပ်သွားမယ်….
၈ ရက်တိတိနေ့မှာ……အချိန်တကယ်အကုန်မြန်တဲ့အကြောင်း ကျွန်မချစ်သူကိုဂဂျီ
ဂဂျောင်ကျမယ်……………………………………………………………………………..
၇ ရက်တိတိနေ့မှာ…………. အိမ်မှာတနေကုန်နေမယ် တောင်လုပ်မြောက်လုပ်လုပ်
မယ်……………………………………………………………………………………………………
၆ ရက်တိတိနေ့မှာ……….အရင်လိုပဲကျွန်မချစ်သူနဲ့မိုးလင်းကမိုးချုပ်လျှောက်လည်
မယ်………………………………………………………………………………………………..
၅ ရက်တိတိနေ့မှာ …………….ဖေနဲ့မေကိုသွားချင်တဲ့နေရာတွေလိုက်ပို့မယ်
စားချင်တာတွေဝယ်ပေးမယ်……………..လိုချင်တာတွေဝယ်ပေးမယ်………………
၎ ရက်တိတိနေ့မှာ ကျွန်မအကိုနဲ့ သရဲကားတွေထိုင်ကြည့်မယ်…….အရင်လိုပဲနား
မလည်တဲ့အခန်းတွေကိုပြန်ရှင်းပြခိုင်းမယ်……………………………………………….
၃ ရက်တိတိနေ့မှာ ညီမလေးနဲ့လျှောက်လည်မယ်…………………………………….
၂ ရက်တိတိနေ့မှာ တကယ်ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကိုကိုယ့်မှာရှိသမျှ
အကုန်ပေးမယ်………………………………………………………………………………….
၁ ရက်တိတိနေ့မနက်စောစောမှာ ဖေနဲ့မေကိုမနိုးခင်မှာကန်တော့ခဲ့မယ်……………..
ပြီးတော့ကျွန်မချစ်သူဆီကိုသွားမယ်…………တကယ်လို့ချစ်သူဆီမရောက်ခင်သေ
သွားခဲ့ရင်ကျွန်မရဲ့ဝိဥာဉ်တွေကကျွန်မကိုယ်စားဆက်သွားလိမ့်မယ်………………….။
အမရာ

Post a Comment