EMAYAR
ဒီပို့စ်လေးကတော့တိမ်ပျော်များ အဖွဲ့ဝင် “ကိုဖိုးမောင်” အတွက်အမှတ်တရပါ။
ခုလိုရေးခွင့်ရဖို့ TAG ပေးတဲ့“ကိုဖိုးမောင်”ကိုကျေးဇူးတင်ပါတယ်။
အမရာကအစွဲအလမ်းကြီးစွာနဲ့ပဲ...အမရာ့ရင်ထဲမှာထာဝရရှိနေမယ့်
ကဗျာတွေကိုပဲမှတ်မှတ်ရရတင်ပေးလိုက်ပါတယ်။

(၁)


“ပြန်ဆုံချိန်”




အိုင်လွယ်ပန်


ဒါကအမရာအကြိုက်ဆုံးကဗျာထဲကကဗျာတပုဒ်ပါ။

အမရာကမရှိမဲ့ရှိမဲ့သတ္တိနဲ့မာနနဲနဲရောပြီးကိုယ့်လမ်းကိုယ်ခင်းဖို့

ချစ်တဲ့မောင့်ကိုထားရစ်ပြီးတစိမ်းနယ်ထဲကိုခြေချခဲ့သူပါ။ကံဇာတ်ဆရာ

ကအမရာတို့နှစ်ယောက်ကိုပြန်ဆုံဖို့အခွင့်အရေးပေးလို့မောင်နဲ့အမရာ

ကမ္ဘာကြီးရဲ့အလယ်မှာပြန်ဆုံကြတာပါ။ဒီလိုပြန်ဆုံဖို့မောင့်ရဲ့အရင်းအနှီးတွေ

ကတကယ့်ကိုတန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး။ဒီတကယ့်အဖြစ်အပျက်အတွက်

မောင့်ရဲ့ရင်နဲ့ရင်းထားတဲ့ကဗျာပါ။အမရာတန်ဖိုးအထားဆုံးကဗျာတပုဒ်

ထဲကကဗျာတပုဒ်ပါ။

(၂)

“ပရုပ်လုံး”


လျှောက်ခဲ့တဲ့ခရီးကို
အဓိပ္ပါယ်ရှိမရှိ
တစ်ခါမှ
ှမေးခွန်းထုတ်မကြည့်ခဲ့မိဘူး.....

တတ်နိုင်တဲ့ဝန်ကိုထမ်းဖို့
လောကဆိုတာကြီးထဲကို
ငါလာခဲ့တယ်.........


တသနှစ်သက်စွာ
မွှေးကြူမှုကိုခံယူရင်း
စူးရှပြင်းထန်စွာ
နှာခေါင်းရှုံ့မှုကိုခံယူရင်းနဲ့ပဲ
ကျေနပ်သူတွေနဲ့မကျေနပ်သူတွေရဲ့ကြားမှာ
ယုံကြည်မှုကိုအလံထူပြီး

ကိုယ့်ကိုယ်ကိုလုံးပါးပါးပစ်ခဲ့ပေါ့.............။


(for my lover birthday........)

အိုင်လွယ်ပန်


ဒီကဗျာလေးကအမရာရဲ့(၂၀၀၆)ခုနှစ်မွေးနေ့ကမောင်အမှတ်တရ
ရေးပေးခဲ့တဲ့ကဗျာလေးပါ။ကဗျာလေးထဲကပရုပ်လုံးဟာအမရာပါပဲ။
အမရာရဲ့စိတ်ဓါတ်တွေကိုပိုမိုခိုင်မာအောင်ဒီကဗျာလေးကအမြဲအားပေး
နေပါတယ်။အမရာစိတ်ဓါတ်ကျတဲ့အချိန်တိုင်းဒီကဗျာကိုမှီဝဲလေ့ရှိပါတယ်။
အမရာအကြိုက်ဆုံးပါ။


(၃)

“ဒဏ်ရာတွေကရေးတဲ့ကဗျာ”


ငါကိုက
ကဗျာဆိုရင်ရူးတယ်
ရေးခဲ့ပြီးသားငါကကဗျာချည်တိုင်ရဲ့အစိမ်းသေကောင်
ငါ့ချည်တိုင်ငါကိုတိုင်ပဲစိုက်ခဲ့တယ်
ခါးတယ်တဲ့လား

ထွေးသာထုတ်လိုက်
စိတ်ဆန္ဒတွေမှာ
ဘာအကြောင်းနဲ့မှ
မျက်နှာနာစရာမရှိ
မှင်ကုန်စေရုံသက်သက်သာဆို
ငါ့သွေးတွေက
အလိုလိုပွက်ပွက်မနေဘူး
ကဗျာတစ်ပုဒ်လောက်တောင်
နင့်ကိုတန်ဖိုးမထားခဲ့ဘူးတဲ့
နင်ငါ့ကိုပြောတယ်
ကဗျာကိုတန်ဖိုးထားစိတ်နဲ့
နင့်ကိုမြတ်နိုးတဲ့စိတ်
ကျေးဇူးပြုပြီးမရောလိုက်နဲ့
ကဗျာကိုကဗျာအတိုင်းပဲ
ငါကိုးကွယ်တယ်

နင့်ကိုတကယ်မမြတ်နိုးခဲ့ဘူးလို့
နင်သေသေချာချာယုံကြည်ပြီဆို
နင့်လက်တွေအတွက်
ငါ့ ပါးကိုအပ်တယ်
စေလိုရာစေ
ကဗျာတွေကိုတော့
(ဘယ်တော့မှ)မသေစေဘူး
ငါကလက်တွေမရှိတော့ရင်
ပါးစပ် စိတ်ကူးတွေနဲ့ရေးမယ့်ကောင်
မျက်လုံးတွေမရှိတော့ရင်
နားတွေနဲ့ဖတ်မဲ့ကောင်
အေး…..
နားတွေပါမရှိတော့ရင်
ဖတ်လာရေးလာခဲ့သမျှ
နွားတစ်ကောင်လို
စားမြုံ့ပြန်ပြန်နေမဲ့ကောင်
ပြောပြစရာစကားလုံးတွေ
မရှိလောက်တဲ့အထိ
ကဗျာတွေကငါ့ကိုညှို့တယ်
နင့်ကိုချစ်တဲ့ငါနဲ့
အဲဒီကောင်ချစ်တဲ့ကဗျာတွေကို
နင်နားမလည်နိုင်တော့ရင်
ထားသာပစ်ခဲ့လိုက်
လွမ်းလို့သေခဲ့တဲ့မသာဆိုတာရှိခဲ့ရင်
သူ့လက်ထဲမှာ
နင့်ကိုလွမ်းရင်းရေးသွားတဲ့ကဗျာတစ်ပုဒ်ကို



နင်…….တွေ့………လိမ့်………အုံး………မယ်……………။။။




အိုင်လွယ်ပန်

ဒီကဗျာလေးကတော့သိတယ်မလားအမရာနဲ့မောင်စိတ်ကောက်

တုံးကမောင်ကတင်းတင်းနဲ့ရေးတဲ့ကဗျာလေ(ဟဲဟဲ)။

(ပြောပြအုံးမယ်...ရူး..တိုးတိုး...“အိုင်လွယ်ပန်”ကိုပြန်မပြောနဲ့။)

သူကစိတ်ကောက်ရင်မချော့ချင်ဘူး။အမရာကစိတ်ကောက်သန်တယ်။

ဒီကဗျာကိုလဲဖတ်ပြီးရောစိတ်ကောက်တဲ့အမရာကသူ့ကိုပြန်ချော့ရတယ်။

သူကတကယ့်ကိုမှကဗျာချစ်တဲ့သူပါ။အမရာကသူ့ရဲ့ကိုယ်ပိုင်ပရိတ်သတ်ပါ။

ဒီကဗျာကလည်းအမရာအကြိုက်ဆုံးမှာပါပါတယ်။



(၄)



“မင်းကိုယ်တိုင်သွန်းလောင်းမှရမယ့်မင်းပုံစံခွက်”



ကာလရဲ့ဓါးက
မင်း တစ်ရာသီကို ထပ်ပိုင်းပြန်တယ်.............
စောင့်ဆိုင်းနေရတာထက်
ပြေးပြေးတွေ့ရမှာ ပိုမက်တဲ့
မင်းအတွက်
နရီရဲ့ အဓိပ္ပါယ်ရှိခြင်းတွေဟာ
မင်းရဲ့ရဲရင့်မှုတွေနဲ့အတူ
သုံးပုံတစ်ပုံစာအချိုးကျခဲ့ဖူးပြီ………………….


မင်းရဲ့
အဖြူရောင်ရနံ့
တွန်းကန်အား
နားလည်တတ်ခဲ့ခြင်းတွေကြောင့်လည်း
မင်းရဲ့ပတ်ဝန်းကျင်တွေမှာ
ကြည်နူးမှုဘာသာဗေဒတို့
စိုစွတ်ခဲ့ဖူးပြီ………………….


မင်းရဲ့
နူးညံ့စွာသက်ဝင်ခဲ့ခြင်းရဲ့
ရိုးသားခဲ့မှုကြောင့်လည်း
ဘာကိုမှအယုံအကြည်မရှိခဲ့တဲ့
ဗြုတ်စဗျင်းတောင်း
ရင်ခွင်တစ်ခုဟာလည်း
နူးညံ့စွာတန်ပြန် ထပ်တူကျခဲ့ဖူးပြီ……………


ကျေနပ်စွာ
ပြုံးစမ်း ပါ……………

ရှေးဟောင်းနှောင်းဖြစ်တို့က ကျန်ခဲ့ပြီ
နောင်ဖြစ်လတ္တံ့တို့က မျှော်ရမှာမောမယ်
ဒီနေ့ဆိုတာထဲမှာမှ
လက်ရှိဆိုတဲ့အချိန
်မင်းရယ် မင်းဆန္ဒရဲ့အရိပ်ရယ်ဟာ
နှစ်ကိုယ့်တစ်စိတ်ဖြစ်စေဖို့
မင်းရဲ့မောင်းနှင်အား
မင်းကိုယ်ကိုယ်တိုင်ပဲ အသက်သွင်းစမ်းပါကွယ့်
မင်းရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်
ကမ္ဘာပေါ်မှာ

မင်းတစ်ယောက်ထဲပိုင်တယ်လေကွယ်……………………………။။။



အိုင်လွယ်ပန်

ဒီကဗျာလေးကိုတော့ချစ်သောစာဖတ်သူများသိကြမှာပါ။

ဒါကမကြာသေးပါဘူး။အမရာရဲ့ဒီနှစ်မွေးနေ့မှာမောင်ပေးတဲ့

အမရာအတွက်တန်ဖိုးအကြီးဆုံးလက်ဆောင်တခုပါ။ဒီကဗျာလေး

ဟာအမရာရဲ့အားအင်တွေကိုအဆပေါင်းများစွာတိုးပွါးစေပါတယ်။

ပြောရရင်အမရာကကိုယ့်ကိုကိုယ်အမြဲအပြစ်မြင်တတ်တဲ့သူပါ။

တချိန်လုံးအသုံးမကျသူဟာကိုယ်တိုင်ထက်အပြင်ကိုမရှိတော့ပါဘူး။

ဒီကဗျာလေးဖတ်ပြီးကိုယ့်ကိုကိုယ်ပိုမိုယုံကြည်မှုရှိလာပါတယ်။

မောင်ရေ...ကျေးဇူးနော်။

အားလုံးပဲအမရာချစ်တဲ့ကဗျာတွေကိုဖတ်ပြီး.........

ပျော် ရွှင် ပါ စေ

အမရာ
0 Responses

Post a Comment