“ဟဲလို…..ဟဲလို…..ဟဲလိုးးးးးးးးးးးးးးးးးးးးးးးဖုန်းစုတ် ဆက်လို့မရတဲ့
ဖုန်းအစုတ်ပလုတ်……… ငါတယ် ……လွှင့်ပစ်ရရရ…………”ကျမ
ရဲ့ရေရွတ်သံအဆုံးမှာတော့ သူငယ်ချင်းက မလွှင့်ပစ်နဲ့ငါ့ကိုပေးတဲ့။
ကျမက နုံတယ်နော်ဆိုတဲ့အကြည့်လေးပဲ လွှတ်ပေးလိုက်ပါတယ်။
“ငါစိတ်တိုနေတယ်ဟာ ဖုန်းဆက်လို့မရလို့”ဆိုပြီးလေပြေထိုးတော့
သူငယ်ချင်းက “ဘယ်သူ့ဆီကိုတုန်း”ဆိုပြီးစပ်စုပါလေရော……….။
ကျမကအလွန်တရာဝမ်းနည်းနေပုံလေးနဲ့ “ငါတော့လွဲပြီနဲ့တူပါတယ်”
သူငယ်ချင်းက “ငါဘာလုပ်ပေးရမလဲတဲ့”……..ကျမကမျောက်အုံးသီး
ရတဲ့လေသံနဲ့ “နင်တကယ်ပြောတာလား”ဆိုပြီး“အဲဒါဆို ငါဖုံးနံပါတ်
ရေးပေးလိုက်မယ် လမ်းထိပ်ကဆိုင်မှာဖုန်းသွားခေါ်ပေးနော်………
ဟိုဘက်ကထူးရင် ချစ်ချစ်နဲ့ပြောချင်လို့လို့ပြော ပြီးရင် နေ့လည်ကြ
ရင် ချစ်ချစ်တို့လမ်းထိပ်က လဘက်ရည်ဆိုင်ကိုလာခဲ့မယ်ဆက်ဆက်
စောင့်နေပါလို့ပြောပေးဟာ နင်ပြန်လာရင်စားဖို့လဘက်သုတ်ထားမယ်
အိုကေလား”ဆိုတော့သူငယ်ချင်းကဝမ်းသာအဲလဲထွက်သွားပါလေရော။
သူလဲထွက်သွားရော ကျမကနောက်ထက်သူငယ်ချင်းတယောက်ဆီကို
ဖုန်းဆက်လိုက်တယ်……“ဟဲလို….ဟဲလို…သူငယ်ချင်းလေး… နေကန်း
လား…ဘာတွေလုပ်”ဟိုဘက်ကပြန်ပြောတာက“ အေးသယ်ရင်းပြော..
ဘာကိတ်….”ကျမက“ဟိုလေ နင်နေ့လည်ကျရင် ချစ်ချစ်တို့လမ်းထိပ်
ကလဘက်ရည်ဆိုင်ကိုခဏလောက်လာခဲ့နော် ငါတိုင်ပင်စရာရှိလို့ …
အရေးကြီးတယ် ဒါဘဲ”ဖုန်းလဲချပြီးရောကျမအပြင်ကိုထွက်လာလိုက်ပါ
တယ်။စိတ်ထဲမှာတော့ ဒီနေ့တော်တော်ပျော်နေတယ်..ပြီးတော့ သူငယ်
ချင်းတော်တော်များများကို ဖုန်းခေါ်တယ်။လမ်းတလျှေက်လုံးခေါ်တယ်။
ပြီးတော့ အားလုံးကို အကြောင်းအမျိုးမျိုးပြပြီးချစ်ချစ်တို့လမ်းထိပ်က ဆိုင်
ကိုချိန်းလိုက်တယ်…..ပြီးပြီကိစ္စအားလုံး……ဟိုလျှောက်ဒီလျှောက်နဲ့ပျင်းလာ
တော့ လှည်းတန်းကအရမ်းခင်တဲ့ သူငယ်ချင်းဆီကိုသွားတယ်…..ဟိုရောက်
တော့သူငယ်ချင်းကို မုန့်လိုက်ဝယ်ကျွေးမယ်ဆိုပြီး ဈေးပါတ်တယ်….စိတ်ထဲမှာ
တော့ဒီချိန်ဆို ဟိုကောင်တွေ လူတော်တော်စုမိပြီးငါ့ကိုစောင့်နေရောပေါ့ ဟိုတ
ယောက်ကလဲအိမ်မှာ ငါ့ကိုရောလဘက်သုတ်ကိုပါဒေါင်းတောက်အောင်ရှာနေ
လောက်ပြီ။ဟဲဟဲ ဘေးနားကတကောင်ကိုရောဘာလုပ်ရရင်ကောင်းမလဲ……
နောက်တော့ကျမက“ဟဲ့ …ငါဗိုက်ဆာလာပြီ ရှမ်းခေါက်ဆွဲဝင်စားရအောင်…..
ငါကျွေးပါ့မယ်လာပါဆိုပြီး”ဆိုင်ထဲကိုဝင်သွားတယ်။စားလဲပြီးရော “အမ်…..
ငါ့မှာပိုက်ဆံအိတ်ပဲပါတာပိုက်ဆံပါဘူး”ဆိုတော့ သူငယ်ချင်းကမျက်နှာမသာ
မယာနဲ့ရှင်းရော။ကျမက “စိတ်မရှိပါနဲ့ဟာငါပြန်ဝယ်ကျွေးမှာပါ”လို့ပြောလိုက်
တယ်။ကျမကပြန်မယ်ဟန်ပြင်လိုက်တယ် “သယ်ရင်း ငါပြန်မယ်ဟာ……..
အော်ဒါနဲ့ ချစ်ချစ်က ဒီညနေသူတို့အိမ်ကိုလာခဲ့ပါတဲ့ သူကမုန့်တီချက်ကျွေး
မလို့တဲ့ ခုလောက်ဆိုသူအလုပ်ရှုပ်နေရောပေါ့ ငါသွားကူလိုက်ဦးမယ်…….
နင်ကတော့ တခြားသူငယ်ချင်းတွေကို ချစ်ချစ်ကိုယ်စားမုန့်လာစားဖို့
အားလုံးကိုပြောပေးလေ….ပြီးရင်နင် လာခဲ့နော်…ငါလစ်ပြီ….”ပြောပြီး
တာနဲ့ကျွန်မပြန်လာခဲ့တယ်…..။အိမ်ထဲလဲဝင်ရောမေမေက “သမီးလေး
ဘယ်တွေသွားနေတာလဲ သမီးသူငယ်ချင်းတွေလာလာရှာနေတာ
သုံးခေါက်လောက်ရှိနေပြီ….” ကျမကရီချင်စိတ်ကိုထိန်းပြီး
“ဟုတ်လား ဒီတခါလာရှာရင် သမီးဘယ်ရောက်နေမှန်းမသိဘူး
လို့ပြောပေးပါ သမီးအိပ်ချင်လို့ခဏအိပ်လိုက်ဦးမယ်နော်…..”
ဆိုပြီး အိပ်ခန်းထဲဝင်ပြီး တခွိခွိနဲ့ရီနေလိုက်တယ်….ပြီးတော့
စောင်ခေါင်းမြီးခြုံပြီးအိပ်ချင်ယောင်ဆောင်နေလိုက်တယ်……
ခဏကြာတော့ သူငယ်ချင်းတအုပ်ကြီး အိမ်ကိုပေါက်ချလာကြ
ပါလေရော….မေမေကလည်းဘူမသိဘမသိနဲ့ပေါ့……..
သူတို့ကိုမေမေက “ကဲကဲ သမီးလေးကိုဘာလို့လာရှာ
ကြတာလဲဟင် ….”ဆိုတော့ ….သူတို့က…“အန်တီ့သမီး
က သမီးတို့အားလုံးကိုသူကချိန်းတယ်…ပြီးတော့သူက
ဘယ်ပျောက်နေမှန်းမသိဘူး….” အဲဒီချိန်မှာဘဲ လှည်းတန်း
က သူငယ်ချင်းနဲ့ သူထပ်ခေါ်ထားတဲ့သူငယ်ချင်းတွေရော
ထပ်ရောက်လာတယ်…သူတို့က “ချစ်ချစ်ကမုန့်တီလုပ်
ကျွေးမယ်ဆိုပြီးခေါ်ထားလို့ ….ချစ်ချစ်အိမ်သွားပြီးပြီ….
ချစ်ချစ်ကိုမတွေ့လို့ဒီလာရှာတာ….” ချစ်ချစ်ကမျက်မှောင်
ကုတ်ပြီး တောင်စဉ်းစားမြောက်စဉ်းစား လုပ်နေတယ်….
အဲဒီမှာတင်မေမေက “သမီးရေ…”ဆိုပြီးခေါ်ပါလေရော…
ကျွန်မလည်းမတတ်သာတဲ့အဆုံး အပြင်ထွက်လဲလာရော
အားလုံးကအမဲဖြတ်မဲ့အနေအထားရှိနေတာနဲ့တခွန်းဘဲအော်
ပြီးတကျိုးတည်းလစ်ပါလေရော……………………………..
“သယ်ရင်းတို့ရေ ဧပရယ်ဖူးလ်………………..”
အမရာ

Post a Comment