ငါမှားလား.....မင်းမှန်လား....
မျက်ရည်များစွာလဲ ကျဆင်းနေရပြီပဲ
မင်းရိုက်ချိုးကာထားခဲ့ အိမ်မက်တွေ
နေ့စဉ်တိုင်းမှာလဲ ကြေကွဲနေရပြီပဲ
မင်းမပါတော့တဲ့ ငါ့ရဲ့ အနာဂတ်တွေ
ဘယ်လိုအင်အားမျိုးနဲ့ငါ
ရင်ဆိုင်ရမလဲမသိတော့ပါ
ခံနိုင်ရည်မဲ့ အလွမ်းနေ့တွေ
ငါလေတယောက်တည်းလှမ်းတိုးဝှေ့...
ဆုံးဖြတ်ထားခဲ့သော ဘဝစိတ်ကူးတွေလဲ
တိမ်တိုက်လိုလွင့်ကာ အဝေးမှာပျောက်ဆုံးပြီ
မင်းချန်ရစ်လေသော အချစ်ရဲ့မြစ်ကြီးထဲက
အလွမ်းရဲ့သမုဒ္ဒရာထဲကိုငါစီးဆင်း...
ငါမှားလား....မင်းမှန်လား.....
တခါမှငါမတွေးမိဘူး နင်စွန့်တဲ့နေ့များ
ဘယ်သူမှားလဲ ....မပြောတော့ဘူးကွာ...
နင်သာဖန်တီးဖျက်ဆီးငါ၏ အချစ်နေ့များ.......
ဆုံးဖြတ်ထားခဲ့သော ဘဝစိတ်ကူးတွေလည်း
တိမ်တိုက်လိုလွင့်ကာ အဝေးမှာပျောက်ဆုံးပြီ
မင်းချန်ရစ်လေသော အချစ်ရဲ့မြစ်ကြီးထဲက
အလွမ်းရဲ့သမုဒ္ဒရာထဲကို ငါစီးဆင်း...
ငါမှားလား....မင်းမှန်လား.....
တခါမှငါမတွေးမိဘူး နင်စွန့်တဲ့နေ့များ
ဘယ်သူမှားလဲ ....မပြောတော့ဘူးကွာ...
နင်သာဖန်တီးဖျက်ဆီးငါ၏ အချစ်နေ့များ
မင်းမှန်လား တခါမှငါမတွေးမိဘူး နင်စွန့်တဲ့နေ့များ
ဘယ်သူမှားလဲ ....မပြောတော့ဘူးကွာ...
နင်သာဖန်တီးဖျက်ဆီးငါ၏ အချစ်နေ့များ
နင်သာဖန်တီးဖျက်ဆီး တို့နှစ်ယောက် နေ့ရက်များ....
P.S ရင်ထဲကခံစားချက်တွေနဲ့ထပ်တူညီနေတာ...ဒီအချိန်မှာ..ဒီသီချင်းပါ.......
အမရာ

Post a Comment